
Watch 살인청부업자 Full Movie
လျှို့ဝှက်ဆန်းကြယ်တဲ့ မီးလောင်သေဆုံးမှုကို စုံစမ်းပြီး ကျူးလွန်သူတွေကို လက်စားချေချင်တဲ့ ပတ်ဂျောင်းဂျာဟာ ဘာလို့ စုံစမ်းချင်တာလဲဆိုတော့ သေဆုံးသူတွေ သူ့သားရဲ့ မိသားစုဝင်တွေ ဖြစ်နေတာကြောင့်ပါ။သားဖြစ်သူအတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့ ဒီလိုကိစ္စတွေမှာ ကြေးစားအဖြစ် လုပ်ကိုင်နေတဲ့ ကွပ်ကဲရေးမှုးရှင်းဆီ အမှုလာအပ်ပါတော့တယ်။ ကွပ်ကဲရေးမှူးရှင်းက လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ပညာရှင်ဆိုတဲ့ ကြေးစားလူသတ်သမားကို တာဝန်ပေးလိုက်တဲ့အခါ ပစ်မှတ်ကို သတ်မှတ်လိုက်ရင် နည်းလမ်းတွေရွေးမနေဘဲ သွေးအေးအေးနဲ့ လူသတ်ပေးတဲ့ ပညာရှင်တစ်ယောက် ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို ဘယ်လိုရှာဖွေပြီး လက်စားချေပေးမလဲဆိုတာ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုကြရအောင်ပါ။