Watch Selena Gomez: My Mind & Me Full Movie

Selenaဟာ အသက်၇နှစ်တည်းက အနုပညာအလုပ်တွေမရပ်မနား လုပ်ခဲ့ရပါတယ်။ အသက်၂၀ကျော်အရွယ် Selena အအောင်မြင်ဆုံးအချိန်မှာပဲ အချစ်ရေးလွန် ဆွဲမှုဟာ သတင်းသမားများရဲ့ ထိုးနှက်စရာဖြစ်လာပါတယ်။ ဘယ်သွားသွားဘာလုပ်လုပ် လူပုံအလယ်မှာ ဒီအကြောင်းတွေချည်း အက်ကြောင်းထပ် အမေးခံရ တာပါပဲ။ တကယ်တမ်း ကျွန်တော်တို့တွေ အနုပညာရှင်တစ်ယောက် သူတို့အနုပညာလက်ရာတွေကို သဘောကျလို့ အားပေးရာမှာ သူတို့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေကို ရော ဝင်ရောက်စွက်ဖက်ခွင့် ရှိပါရဲ့လား။ ရောဂါရဲ့နှိပ်စက်မှုတွေ၊ သတင်းသမားတွေရဲ့ ထိုးနှက်မှုတွေ အစရှိသဖြင့် နေရာပေါင်းစုံကဖိအားတွေနဲ့ပေါ့။ ဒီလိုနဲ့ ကောင်မလေးအအောင်မြင်ဆုံးဖြစ်နေချိန်မှာ မှောင်အတိပြီးတဲ့ ချောက်နက်ထဲကို ကျသွားပါတယ်။ ဒီကောင်မလေးဟာ အလင်းတန်းလေးကို ပြန်လည်တွေ့ရှိဖို့ ခြောက်နှစ်ကြာခဲ့ပါတယ်။ ဒီ Documentary လေးဟာ ဒီအလင်းတန်းကို ပြန်လည်ရှာဖွေဖို့ ကြိုးပမ်းမှုတွေ၊ သူ့စိတ်အခြေအနေတွေကို အဓိကပုံဖော်ထားပါတယ်။ သင်ဟာ Selenaရဲ့ ပရိတ်သတ်တစ်ယောက်မဟုတ်ရင်တောင် စိတ်ရဲ့အေးချမ်းမှုကို ရှာဖွေတွေ့ရှိဖို့ ကြိုးစားနေရသူဆိုရင် ဒီ Documentaryကိုကြည့်ဖို့ တိုက်တွန်း ပါရစေ။
Watch Selena Gomez: My Mind & Me Full Movie
Watch Selena Gomez: My Mind & Me Full Movie