Watch Ella Enchanted Full Movie

ဇာတ်လမ်းကတော့ ဖရဲလ် မြို့လေးမှာမွေးတဲ့ အယ်လာ ကို သောက်တလွဲ အရက်သမား နတ်သမီးတစ်ပါးက ကပေါက်တိကပေါက်ချာ ဆုတစ်ခု ချီးမြှင့်သွားတာက စတာပဲ။ ကလေးကို နာခံတတ်တဲ့သူဖြစ်အောင် ဂါထာနဲ့ ပြုစားသွားတယ်။ အယ်လာ လေးက ဘယ်သူ ဘာပြောပြော မငြင်းဆန်နိုင်ပဲ လုပ်ပေးနေရရင်း အရွယ်ရောက်လာသတဲ့။ တိုင်းပြည်က လူထွားကြီးတွေ၊ နတ်သူငယ်တွေ၊ နတ်သမီးတွေ၊ ဘီလူးတွေ ဟန်ချက်ညီညီ စုပေါင်းနေထိုင်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ ဘုရင်ကြီး နတ်ရွာစံအပြီး သူ့ညီနဲ့ ဘုရင်ကြီးသားတော်တို့ လက်ထက်အရောက်မှာ ဘီလူးတွေကို နှင်ထုတ်၊ လူထွားကြီးတွေကို ခိုင်းစား၊ နတ်သူငယ်လေးတွေကို ဖျော်ဖြေရေးသမားလုပ်ခိုင်းပြီး လူသားတွေကြီးစိုးတဲ့အချိန်ပေါ့။ အယ်လာ ရဲ့ ဖခင်က နောက်အိမ်ထောင်ပြု၊ မိထွေးနဲ့ သမီးနှစ်ယောက်ပါလာ၊ စင်ဒရဲလားဇာတ်လည်း ပါသေးသဗျ။ မိထွေးကပါလာတဲ့ ညီအစ်မက အယ်လာ ရဲ့ အားနည်းချက်ကို သိသွားတဲ့အခါမှာ အမျိုးမျိုး အနိုင်ကျင့်ခံရပါတော့တယ်။ တိုင်းပြည် အရှုပ်အထွေးကြားမှာ အယ်လာ တစ်ယောက် ကျိန်စာပြယ်အောင်လုပ်ရင်း ကြုံတွေ့ရပုံတွေကို ကြည့်ရှုရမှာပါ။
Watch Ella Enchanted Full Movie
Watch Ella Enchanted Full Movie