
Watch Out of the Furnace Full Movie
ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ ဘတ်မန်းမင်းသားကြီးChristian Bale ကိုဒီဇာတ်ကားမှာ အမေရိကန် စက်ရုံအလုပ်သမားအောက်ခြေလူတန်းစားတယောက်အဖြစ် မြင်တွေ့ရမှာပါ။ ထပ်မံပြီးတော့ Manchester by the sea မင်းသား Casey Affleck နဲ့ Avatar မင်းသမီးZoe Saldaña တို့လဲ ပါဝင်ထားတာမို့ သရုပ်ဆောင် အင်အားကောင်းကောင်းနဲ့မှုခင်းဒရာမာ ဇာတ်လမ်းကောင်းလေးပါ။နယ်မြို့လေးက စတီးစက်ရုံ အလုပ်သမားလေး ရပ်ဆဲလ်ဗေ့ဇ်(Christian bale) ဟာသာမန်ဘဝလေးတခုမှာ ရိုးရှင်းစွာနေထိုင်ဖို့ကြိုးစားရင်း မထင်မှတ်ဘဲ ကားတိုက်မှုဖြစ်လို့ ထောင်ကျသွားခဲ့တယ်။အဲ့ကနေစလို့ ဘဝတခုလုံး ကံဆိုးမိုးမှောင်ကျတော့တာပါဘဲ။ ဖခင်လဲဆုံးချစ်သူကမုန်း နဲ့ တဦးတည်းသော ညီလေးကလဲ လောင်းကစားကြွေးပိပြီးကြေးစားလက်ဝှေ့ထိုးရင်း လူဆိုးဂိုဏ်းတခုကအပြန် ပျောက်ချင်းမလှပျောက်သွားသောအခါ ညီလေးကိုလိုက်ရှာမယ့် အကိုကြီးအဖြစ် ဘတ်မန်းမင်းသားကြီး ဘေးလ်ကို စော်ပစ်ခံရတဲ့ဘဝသမားလေးအဖြစ် တကားလုံးဆွေးဆွေးမြေ့မြေ့လေးမြင်ရမှာပါ။