
Watch Clerks II Full Movie
1994 က အဖြူအမည်း ဗားရှင်းနဲ့ထွက်ခဲ့တဲ့ Clerks Iအကြီးအကျယ် အောင်မြင်ပြီးတဲ့နောက် sequel အနေနဲ့ ထွက်ခဲ့တဲ့ ဇာတ်ကားပါမပြောရဲ မလုပ်ရဲတာ မရှိတဲ့ ရန်ဒယ်နဲ့ ရန်ဒယ့်ကို လိုက်ထိန်းနေရတဲ့ ဒန်တီတို့သူငယ်ချင်းနှစ် ယောက်အကြောင်း ရိုက်ပြထားတဲ့ ဟာသကားပါဇာတ်လမ်းအစမှာတော့ ဒန်တီနဲ့ ရန်ဒယ်တို့ ဆယ်နှစ်နှစ်နီးပါး အလုပ်လုပ်ခဲ့တဲ့Quick Stop စတိုးဆိုင် မီးလောင်ပြီး ပြာကျသွားခဲ့ပါတယ်ထုံးစံအတိုင်း လက်ထပ်ရမယ့် ဇနီးလောင်းနဲ့ တွေ့ပြီးဇနီးချောလေးနဲ့အတူ ဖလော်ရီဒါမှာ ပြောင်းနေဖို့လည်း အစစအရာရာ စီစဉ်ပြီးပါပြီဒါပေမဲ့လည်း မူဘီ စားသောက်ဆိုင်မှာ နောက်ဆုံးနေ့အနေနဲ့ အလုပ်ဆင်းပေးတဲ့ နေ့မှာရန်ဒယ်ရဲ့ စနက်ကြောင့် ဒန်တီ ကမောက် ကမတွေနဲ့ ကြုံရပါတော့တယ်ဒန်တီ နဲ့ ရန်ဒယ်တို့အပြင် ဆိုင်ရှေ့မှာ မူးယစ်ဆေးရောင်းတဲ့ဂျေးနဲ့ အသံတိတ် ဘော့ဘ်တို့ အတွဲ၊ မူဘီဆိုင်က လုပ်ဖော်ကိုင်ဖက်ခရစ်ယာန်လေး အဲလိုင်းယက်စ် နဲ့ မူဘီစားသောက်ဆိုင်ပိုင်ရှင် ဘက်ကီ တို့ပါ အားဖြည့်ပါဝင်ထားပါတယ်Clerks I ထက်ပိုပြီး ညစ်ညမ်းတဲ့ ဒိုင်ယာလော့်ခ်တွေracist ဆန်တဲ့ အသုံးအနှုန်းတွေကြောင့် ဝေဖန်တာတွေ ရှိခဲ့ပေမဲ့Clerks ဖန်တွေကတော့ နှစ်ထောင်းအားရရှိခဲ့တဲ့ ဇာတ်ကားပါ