Watch Adaptation. Full Movie

ဒီဇာတ်ကားလေးမှာတော့ မင်းသားကြီး Nicholas Cageနဲ့မင်းသမီးကြီး Meryl Streepတို့ရဲ ကြက်သီးထချင်စရာကောင်းလှတဲ့ သရုပ်ဆောင်ချက်တွေကို မြင်ရမှာပါ။ အဲ့လိုပဲ JohnLarocheနေရာမှာ သရုပ်ဆောင်သွားတဲ့ မင်းသားကြီး ChrisCooperရဲ့ သရုပ်ဆောင်ချက်တွေကလဲ သဘာဝကျချက်ကတော့ သူနဲ့ဇာတ်ကောင်နဲ့ကို ခွဲမရတော့အောင်ကို ဖြစ်ရပါတယ်။ဒီဇာတ်ကားမှာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား အတွေးအမြင်တွေသာ မက ခံယူချက်တွေရဲ့ သက်ရောက်မှုအားပြင်းပုံတွေကိုပါ တစ်ပါတည်းမြင်နေရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအသွားအေးသလိုနဲ့ ပူလောင်စေရတဲ့ ခံစားချက်မျိုး၊ အားမလိုအားမရဖြစ်စေမှုတွေ၊ လူတစ်ယောက်က တခြားတစ်ယောက်ကိုချစ်မိသွားဖို့ ဖြစ်စေတဲ့အရာတွေကို တသီတတန်းကြီးတွေ့ရပါတယ်။ ဇာတ်ကားနာမည် Adaptation ဆိုတာနဲ့ လိုက်ဖက်လွန်းလှတဲ့ လိုက်လျောညီထွေစွာ တဖြည်းဖြည်းချင်း မသိမသာနဲ့ပြောင်းလဲသွားတဲ့ ဇာတ်ကောင်တွေရဲ့ ခံစားမှုတွေ အတွေးတွေအယူအဆတွေ ထင်မြင်ချက်တွေနဲ့လုံးဝကို ပြီးပြည့်စုံတဲ့ ကားကောင်းလေးဖြစ်ပါတယ်။
Watch Adaptation. Full Movie
Watch Adaptation. Full Movie