Watch The Bounty Hunter Full Movie

မိုင်လိုဟာ ရဲဝန်ထမ်းဟောင်းတစ်ဉီးဖြစ်ပြီးတော့ မကြာသေးခင်ကမှ မိန်းမနဲ့ကွဲပြီး အရက်သောက် ကွဲပြဲကာ တပ်ဖွဲ့မှ အထုတ်ခံလိုက်ပါတယ်။ ထို့ပြင်သူက လောင်းကစားလည်း အတော်လုပ်တတ်တဲ့ သူဖြစ်ပြီး ရှုံးကြွေးတွေတင်နေလို့ အကြွေးရှင်တွေ လိုက်ဖမ်းတာကို ခံနေရပါတယ်။ အဲ့လိုနဲ့ တစ်နေ့မှာတော့ သူအလုပ်လုပ်တဲ့ ကြေးစားလူဆိုးဖမ်းပေးတဲ့ ကုမ္ပဏီကနေ စာချုပ်တစ်ခုကို ရလိုက်ပါတယ်။ အဲ့တာကတော့ ယာဉ်ကြောစည်းကမ်းဖျက်မှုမှာ အာမခံရုံးချိန်းကို ရောက်မလာတဲ့ သူ့မိန်းမဟောင်းဖြစ်တဲ့ သတင်းသမားနစ်ကိုးလ်ကို ဖမ်းခေါ်လာခဲ့ဖို့ပါ။ အကြွေးထူနေတာတွေကြောင့်ရော လောလောဆယ် ပိုက်ဆံလိုနေတဲ့ မိုင်လိုက စာချုပ်ကို လက်ခံလိုက်ပါတယ်။ တစ်ဖက်မှာတော့ နစ်ကိုးလ်ဟာ သေကြောင်းကြံမှုတစ်ခုအကြောင်းကိုစုံစမ်းရင်း ထိုအမှုဟာရိုးရိုးမတော်တဆမှု မဟုတ်မှန်းသံသယဖြစ်စရာတွေ ပေါ်လာတဲ့အလျောက် လူသိမများခင် တစ်ဉီးတည်းတစ်ကိုယ်တော်စုံစမ်းနေတာပါ။ သူ့ ex လိုက်ဖမ်းတာခံရတဲ့အခါမှာတော့ နှစ်ယောက်သားဖမ်းမိရင်းလွတ်အောင်ပြေးရင်းနဲ့ အလွဲဟာသပေါင်းစုံကိုတွေ့မြင်ရမှာပါ။
Watch The Bounty Hunter Full Movie
Watch The Bounty Hunter Full Movie