Watch Morning Glory Full Movie

မနက်ခင်းအစီအစဉ် ထုတ်လုပ်တင်ဆက်တဲ့ ဘက်ကီ ဖူလာ ဆိုတဲ့ တက်ကြွတဲ့ ထုတ်လုပ်ရေးမှူးတစ်ယောက်ဟာ ကံမကောင်းစွာနဲ့ “မင်္ဂလာမနက်ခင်းပါ နယူး ဂျာဆီ” အစီအစဉ်ကနေ အလုပ်ထုတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ သူကျွမ်းကျင်တဲ့အလုပ်ကိုပဲ ထပ်ရှာရတော့တာပဲ။ အဲဒီမှာ စတုတ္တတန်း အစီအစဉ်တစ်ခုဖြစ်တဲ့ “နံနက်ခင်း” ဆိုတဲ့ အစီအစဉ်မှာ အလုပ်ရခဲ့ပါတယ်။ ခြေနင်းဖက်ရောက်နေတဲ့ အဆင့်သတ်မှတ်ချက် ကြည့်ရှူနှုန်းတွေနဲ့၊ ရန်ပုံငွေမလုံလောက်၊ ဝန်ထမ်းတွေက ပုံမလာ၊ လုပ်ချင်ရာလုပ် စည်းကမ်းပျက်နေတဲ့ အစီအစဉ်တင်ဆက်သူတွေနဲ့ “နံနက်ခင်း” ဟာ ဖြစ်ချင်တိုင်း ဖြစ်နေတာပေါ့လေ။ အလုပ်ကို လက်ခံစဉ်ကတည်း ကလစာတဝက်လျှော့ယူ၊ “နံနက်ခင်း” ရဲ့ အဆင့်သတ်မှတ်ချက် ကြည့်ရှူနှုန်းတွေ ဆွဲတင်ပေးပါ့မယ်ဆိုတဲ့ကတိတွေကြောင့် အောင်မြင်အောင် မလုပ်နိုင်ခဲ့ရင် ဘက်ကီ တစ်ယောက် ကိန်းဂဏန်းနဲ့ ဖော်ပြလို့ရတဲ့ အလုပ်အကိုင်ပဲ ကျန်တော့မှာပါ။ ဒါ့ကြောင့် ဘက်ကီတစ်ယောက် ဉာဏ်ကုန်ထုတ် ကြိုးစားရပုံတွေကို ရယ်ရွှင်ဖွယ်ရာ ကြည့်ရှုရမှာဖြစ်တဲ့အတွက်
Watch Morning Glory Full Movie
Watch Morning Glory Full Movie