
Watch Maayon Full Movie
Arjunဟာ ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ သူငယ်ချင်းဖြစ်သူနဲ့အတူ ရှေးဟောင်းရုပ်တုတွေကို ခိုးယူကာ နိုင်ငံခြားကိုရောင်းချပြီး ပိုက်ဆံရှာနေသူလဲဖြစ်တယ်။ တစ်နေ့မှာတော့ ဆိုတဲ့ ရှေးဟောင်းပစ္စည်းရောင်းဝယ်တဲ့မှောင်ခိုဂိုဏ်းခေါင်းဆောင်Sanက ရှေးဟောင်းရုပ်တုတစ်ခုကို ခိုးပေးဖို့အတွက် Arjunတို့ကို ကမ်းလှမ်းလာခဲ့တယ်။ ဒါပေမဲ့ရဲတွေကလဲ ဒီမှောင်ခိုဂိုဏ်းကို လိုက်လံဖမ်းဆီးနေတဲ့အတွက် Arjunဟာ ရှေးဟောင်းသုတေသနပညာရှင်အနေနဲ့ တရားဝင်အလုပ်ဝင်လုပ်ကာ ဘုရားကျောင်းထဲက ရှေးဟောင်းရုပ်တုကို ခိုးယူဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ဒီရှေးဟောင်းရုပ်တုကို ခိုးယူဖို့အတွက်က Arjunတို့ထင်ထားသလို မလွယ်ကူနေခဲ့ပါဘူး။ရှေးဟောင်းရုပ်တုရှိတဲ့ ဘုရားကျောင်းဟာ ညနေ၆နာရီကျော်တာနဲ့ ဝင်ရောက်လာတဲ့လူတိုင်း ရူးသွပ်သွားတာကြောင့် ညပိုင်းမဝင်ရဖို့ တားမြစ်ထားတာပဲဖြစ်တယ်။ Arjunတို့အဖွဲ့က ဒီအယူအဆတွေကို အယူသီးတာလို့ မှတ်ယုံပြီး မယုံကြည်ခဲ့ပေမဲ့ ရှေးဟောင်းရုပ်တုခိုးယူဖို့အတွက် ကြံစည်နေတဲ့သူတို့အဖွဲ့သားတွေ ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုဖြစ်ပွားလာချိန်မှာတော့ Arjunတို့တွေ ဘေးကင်းကင်းနဲ့ ရှေးဟောင်းရုပ်တုကို ခိုးယူနိုင်ပါ့မလားဆိုတာ