Watch హిట్: ది ఫస్ట్ కేస్ Full Movie

သီချင်းမဆိုတဲ့ကုလားကား မကတဲ့ကုလားကားဆိုပြီး မေးတတ်ခဲ့တဲ့လူတွေအတွက် Hit: The First Case (2020) ကားလေးလာပါပြီ။ ဒီကားလေးက IMDb 7.8 တောင်ရထားပြီး လူတစ်ရာမှာ ၉၄ ယောက်ကြိုက်နှစ်သက်တဲ့ မှုခင်းဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အတိတ်ကကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် Panic Attack ခံစားနေရတဲ့ ရဲအရာရှိ ဗစ်ခရန် တစ်ယောက် ဆေးခွင့်နဲ့ ခြောက်လလောက် အနားယူနေစဥ် သူ့ချစ်သူမိန်းကလေးသဲလွန်စမရှိပျောက်ဆုံးသွားပါတယ်။ သူ့ချစ်သူက မှုခင်းဆေးဘက်ဆိုင်ရာဌာနမှဖြစ်ပြီး သူမ မပျောက်ဆုံးခင်အဝေးပြေးလမ်းပေါ်မှာ ၁၈ နှစ်အရွယ်မိန်းကလေး ပရီတီ ပြန်ပေးဆွဲခံရတဲ့အမှုကို စစ်ဆေးနေတာပါ။ ချစ်သူအမှုကို ကိုယ်ရေးကိုယ်တာဖြစ်လို့ ကိုင်တွယ်ခွင့်မရတဲ့ ဗစ်ခရန်ဟာ ဆက်စပ်နေတဲ့ ပရီတီ့အမှုကို လိုက်လံစစ်ဆေးဖော်ထုတ်နေရင်း ဇာတ်ရှိန်မကျဘဲ ဆက်တိုက် စိတ်ဝင်စားဖွယ်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ကြောင်း အာမခံပါတယ်။ စုံထောက်ကားကြိုက်တဲ့လူတွေ ဗစ်ခရန်နဲ့အတူ တရားခံဘယ်သူလဲဆိုတာ တူတူမှန်းဆကြည့်ရအောင်နော် . နှစ်သက်သွားတဲ့လူတွေ ဆက်စောင့်ကြည့်ဖို့ Hit: The Second Case ကို 2021 မှာထွက်ပါမယ်ဆိုတာလည်း ကြိုတင်သတင်းကောင်းပါးပါရစေ။
Watch హిట్: ది ఫస్ట్ కేస్ Full Movie
Watch హిట్: ది ఫస్ట్ కేస్ Full Movie