Watch Take Out Girl Full Movie

တယ်ရာဆိုတဲ့ကောင်မလေးက အမေရိကန်က တရုတ်လူမျိုးတစ်ယောက်ပေါ့။ သူတို့မိသားစုက စီးပွားရေးအဆင်ပြေလှတဲ့အထဲတော့မပါဘူး။ သူ့အမေက တရုတ်စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ်။ သူကကျောင်းအားတဲ့အချိန် ဆိုင်မှာကူလုပ်တယ်၊ စားစရာအော်ဒါမှာရင် လိုက်ပို့ပေးတယ်ပေါ့။ သူ့မှာ ဒုစရိုက်မှုတွေနဲ့မကင်းတဲ့ အစ်ကိုတစ်ယောက်လည်းရှိသေးတယ်။ တယ်ရာက အလုပ်လုပ်ချင်ပေမဲ့ သူ့အမေကတော့ စာတော်တဲ့သူ့သမီးကို ကျောင်းစာမှာပဲအာရုံစိုက်စေချင်တယ်။ဒီလိုနဲ့တစ်နေ့တော့ တယ်ရာစားစရာသွားပို့ပေးရတဲ့နေရာက မူးယစ်ဆေးစပ်တဲ့ လုပ်ငန်းနေရာတစ်ခုဖြစ်နေတယ်။ နောက်တစ်နေ့မှာတော့ တယ်ရာက အဲနေရာကိုပြန်သွားပြီး သူ့ကိုဆိုရင် ရဲတွေသံသယမဝင်နိုင်တာကြောင့် ပစ္စည်းတွေကိုသူလိုက်ပို့ပေးမယ်၊ သူ့ကိုတော့ရာခိုင်နှုန်းနဲ့ပြန်ပေးရမယ်ဆိုပြီး ကမ်းလှမ်းခဲ့တယ်။ ဟိုဘက်ကလည်းသဘောတူပြီး တယ်ရာတစ်ယောက် မူးယစ်ဆေးတွေ လိုက်ပို့ပေးရတဲ့သူဖြစ်လာတော့တယ်။ တယ်ရာတစ်ယောက် ဒီအလုပ်ကို ဘေးကင်းကင်းနဲ့ ဘယ်လောက်အထိလုပ်နိုင်မှာလဲ။ သူ့မိသားစုကိုရော ထောက်ပံ့ပေးနိုင်လာမှာလား၊ ရှုပ်ထွေးတဲ့မူးယစ်လောကထဲမှာ ဘာတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုကြရမှာပါ။
Watch Take Out Girl Full Movie
Watch Take Out Girl Full Movie