Watch Ashiap Man Full Movie

လူတွေကိုကူညီဖို့ဆိုရင် အသင့်လူသား(Ashiap Man)က အမြဲတမ်းအဆင်သင့်ရှိနေပါတယ်။ ငယ်ငယ်လေးတည်းက မိဘရဲ့ဆုံးမသွန်သင်မှုကြောင့် လူတကာကိုကူညီတတ်သူ၊ သာမန်လူတစ်ယောက်လို ဉာဏ်ရည်ဉာဏ်သွေးမျိုးမရှိပေမယ့် ကိုယ်ချစ်တဲ့သူတွေကိုတော့ အမြဲတမ်းကာကွယ်ပေးချင်တဲ့သူ၊ လူစွမ်းကောင်းဖြစ်ဖို့ကိုရူးသွပ်ပြီး သူ့ရဲ့အစွမ်းတွေနဲ့ လူတွေကိုကူညီဖို့အမြဲတမ်းအဆင်သင့်ရှိနေသူ အသင့်လူသားတစ်ဖြစ်လည်း ဇူးဟာဆိုရင် ငယ်ရွယ်စဉ်ကတည်း အများအကျိုးကိုသယ်ပိုးဖို့ ဆန္ဒပြင်းပြခဲ့သူပါ။သူကိုယ်တိုင် ဆန္ဒပြင်းပြသလိုပဲ သူ့တစ်ရွာလုံးဟာဆိုရင်လည်း သူ့အပေါ်ယုံကြည်ကိုးစားပြီး ချစ်ခင်ခြင်းကိုခံရသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့သူတို့နေတဲ့ရွာကို မိန်းကလေးတစ်ယောက်ရောက်လာပြီး အဲ့ဒီမိန်းကလေးကို ဇူးတစ်ယောက်သဘောကျမိပါတော့တယ်။ တစ်ဖက်မှာလည်း သူတို့ရွာနေရာမှာ အိမ်ရာစီမံကိန်းကိုအကောင်အထည်ဖော်ဖို့ ရွာသားတွေကိုဖိအားပေးနှင်ထုတ်ခံရတဲ့အခါမှာတော့ အမြဲတမ်းအဆင်သင့်ရှိခဲ့တဲ့အသင့်လူသား ဘယ်လိုမျိုးရွာကိုကာကွယ်ပေးသွားမလဲ။ဒီမိန်းကလေးရဲ့နောက်ကြောင်းကရော ဘာတွေရှိနေမလဲ?
Watch Ashiap Man Full Movie
Watch Ashiap Man Full Movie