Watch The 40 Year Old Virgin Full Movie

ဒီတစ်ခါတော့ စိတ်ညစ်စရာတွေခဏတာမေ့ရင်းရယ်မောနိုင်ဖို့ Comedy ကားဟောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ အန်ဒီဟာ တစ်ခါမှကိုလူပျိုရည်မပျက်ဖူးသေးတဲ့ အသက် ၄၀ အရွယ်လူပျိုကြီးတစ်ယောက်ပါ။ သူကအီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်မှာ အလုပ်လုပ်ပြီး အက်ရှင်ဇာတ်ကောင်ရုပ်တွေကို စုဆောင်းရတာလည်း ဝါသနာထုံသူဖြစ်ပါတယ်။ တစ်နေ့တော့ အလုပ်ကယောက်ျားလေးတွေစုပြီး ပိုကာကစားပြီး ထွေရာလေးပါးလျှောက်ပြောကြရင်း လိင်ဆက်ဆံတဲ့အကြောင်းရောက်သွားပါတယ်။အန်ဒီတစ်ယောက် အစပိုင်းဖြီးဖြန်းပေမဲ့ သူလူပျိုဖြစ်နေသေးတဲ့အချက်က ဘူးပေါ်သလိုပေါ်သွားပါတော့တယ်။ ဒီလိုနဲ့ အန်ဒီလူပျိုရည်ပျက်ရေးဟာ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့တာဝန်ကြီးတစ်ရပ်ဖြစ်သွားပြီး လူပျိုကြီးရောင်းထွက်နိုင်အောင် အကြံဉာဏ်တွေမျိုးစုံပေးပြီး ကူညီကြပါတော့တယ်။ ဒီလိုနဲ့တစ်ခါမှအတွေ့အကြုံမရှိဖူးတဲ့ အန်ဒီတစ်ယောက် အကြံပေးတွေကြားထဲမှာ ဘယ်လိုတလွဲတချော်တွေဖြစ်မလဲ၊ လူပျိုကြီးတစ်ယောက် စွံနိုင်ဦးမှာလားဆိုတာကို ရယ်မောရင်းခံစားကြည့်ရှုပေးကြပါဦး။
Watch The 40 Year Old Virgin Full Movie
Watch The 40 Year Old Virgin Full Movie