
Watch Whitney Houston: I Wanna Dance with Somebody Full Movie
၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလမှာတော့ ဂီတအသိုင်းအဝိုင်းတစ်ခုလုံးရော တစ်ကမ္ဘာလုံးမှာပါ သတင်းတစ်ခုရိုက်ခတ်ခဲ့တယ်။ အသက် ၄၈ နှစ်အရွယ်မှာတော့ Whitney တစ်ယောက်ဟာ အရွယ်မတိုင်ခင် ဆုံးပါးသွားခဲ့ရပါတယ်။ သေဆုံးရခြင်းအကြောင်းကတော့ ဂရမ်မီဆုပေးပွဲ မတိုင်ခင်တစ်ရက်မှာ ကိုကင်းသုံးစွဲမှုကြောင့် နှလုံးရောဂါဖောက်ခဲ့ပြီး ရေချိုးကန်ထဲမှာရေနစ်သေဆုံးခဲ့ရတာပါ။ Whitney က ဆိုးသွမ်းတဲ့အနုပညာရှင်တစ်ယောက် မဟုတ်ခဲ့ပေမယ့် အောင်မြင်မှုရဲ့ ရိုက်ခတ်မှုဒဏ်တွေ ဝေဖန်မှုဒဏ်တွေ ကိုယ်ရေးကိုယ်တာပြသနာတွေကြောင့် လမ်းတွေအများကြီးထဲက မကောင်းတဲ့လမ်းတွေကို Whitney ရွေးချယ်ခဲ့မိတယ် လို့ စိတ်မကောင်းစွာ ဆိုလိုက်ပါရစေ။ ဒီ အတ္ထုပ္ပတ္တိဇာတ်လမ်းမှာတော့ Whitney ကို ဘုရားပေးတဲ့အသံကိုပိုင်ဆိုင်ထားပေမယ့်ဘာမှမသိသေးတဲ့ မျက်စိသူငယ်နားသူငယ် ဆယ်ကျော်သက်အရွယ်လေးကနေ သူ့ဘဝအနိမ့်အမြင့်အတက်အကျ အောင်မြင်မှုကျရှုံးမှုတွေကို လိုက်ပါကြည့်ရှုရမှာပါ။