Watch Emancipation Full Movie

ဇာတ်လမ်းက​ လူဝီစီယားနားပြည်ရှိ လူမည်းအလုပ်သမားစခန်းမှအလုပ်သမား​တွေဟာ ဖိနှိပ်၊နှိပ်စက်ခံရမှု​တွေကြားက လင်ကွန်းရဲ့Native Guard(လူမည်းတပ်)ရှိရာ ​ဘေတန်ရုဂ်မြို့ကို ထွက်​ပြေးဖို့ပီတာတို့အလုပ်သမားတစ်စု ကြိုးစားကြပုံကို ရိုက်ကူးထားတာပါ။နွံအိုင်ပတ်လည် ဝိုင်း​နေတဲ့ စခန်းဖြစ်သလို ထွက်​ပြေးသူ​တွေရှိရင်လိုက်ဖမ်းဖို့ မြင်းစီးမုဆိုး​တွေနဲ့အမဲလိုက်​ခွေး​တွေပါ အသင့်ရှိ​နေလို့လွတ်ဖို့ဆိုတာ အ​တော်မလွယ်ကူတဲ့​နေရာမျိုးပါ။ ဒီလို​နေရာက​နေ​”သေ​မြေ​ကြီး ရှင်​ရွှေထီး”ဆိုတဲ့ စိတ်နဲ့ပဲ ပီတာတို့လူတစ်စု စခန်းမှထွက်​ပြေးလာပါ​​တော့တယ်။ဒီကားကိုကြည့်ရင်း Apocalyptoကားကြီးကို တစ်ချက်​ပြေးမြင်မိပါ​သေးတယ်။ ​ရှေ့က​ပြေးသူနဲ့နောက်ကလိုက်သူ မုဆိုး​တွေကြားကအားပြိုင်မှု​တွေ၊ နွံအိုင်ကြီး​တွေနဲ့ မမြင်ရတဲ့အန္တရာယ်​ပေါင်းများစွာ၊သားရဲ​ပေါင်းများစွာကြားက အသက်​​ဘေးလွတ်​အောင် ရုန်းကန်ပုံတွေက အ​တော်​လေး survivalဆန်ပါတယ်။ ဒါမျိုး vibe​တွေကိုကြိုက်သူ​တွေအတွက် Apple+ က​နေ setting​ ကောင်း​ကောင်းနဲ့ရှယ်ကိုတင်ဆက်​ပေးထားလို့ Will Smith ရဲ့ ပရိသတ်​တွေ​ရော၊အက်ရှင်ကြမ်းကြမ်းမှ ကြိုက်သူ​တွေပါ မ​နော​ခွေ့ကြမှာပါ။
Watch Emancipation Full Movie
Watch Emancipation Full Movie