
Watch Cyber Heist Full Movie
ဟောင်ကောင်နယ်မြေမှ နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ထျန်းကျီဟာလဲ ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းပြီး နည်းပညာတွေကို တီထွင်လျှက်ရှိနေပါတယ်။ အဲဒီအထဲမှာမှ သူ့ရဲ့လက်ထဲမှာ ကွန်ပျူတာတစ်လုံးရှိယုံနဲ့ ဘယ်အရာမဆိုလုပ်ကိုင်နိုင်သူ၊ နှလုံးမကောင်းတဲ့ သမီးငယ်လေးကို ပိုးမွေးသလိုမွေးကာ စောင့်ရှောက်နေရသူ၊ ထျန်းကျီ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ တာဝန်ခံ နည်းပညာရှင် ကျိုးကျားကျွင့်ကလဲ အပါအဝင်ပါပဲ။ ဒီလိုနဲ့ ဟောင်ကောင်ဘဏ်တွေကို အွန်လိုင်းကနေ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ ဖြေရှင်းလာပေးခဲ့တာ နှစ်တိုင်းလိုဖြစ်နေခဲ့ပါတယ်။ ဒီလိုကိစ္စတွေကို အမြဲတစေ ဖြေရှင်းလာခဲ့ရင်း မထင်မှတ်ထားတဲ့ကိစ္စတစ်ခုက ဖြစ်သွားလို့လာခဲ့ပါတယ်။ ဘဏ်တွေကိုဟက်ခ်တဲ့ ကြိုးကိုင်သူဟာ ထျန်းကျီဆိုက်ဘာလုံခြုံရေးကုမ္ပဏီမှ အတွင်းလူဖြစ်နေခဲ့သောအခါမှာ ကိစ္စတွေတွေရှုပ်ထွေးနေစဥ်မှာပဲ ထျန်းကျီမှနည်းပညာရှင် ကျိုးကျားကျွင့်ဟာလဲ ကြိုးကိုင်သူရဲ့ကြော့ကွင်းထဲကို ကျရောက်သွားပြီး ရောဂါသည်သမီးလေးရဲ့ အသက်အန္တရာယ်တွေအထိ ခြိမ်းခြောက်မှုတွေ ခံလာခဲ့ရတဲ့ အခါမှာ ကျိုးကျားကျွင့်တစ်ယောက် သူတတ်တဲ့ နည်းပညာတွေနဲ့ ဘယ်လိုပြန် တိုက်ခိုက်မှာလဲ