Watch CODA Full Movie

ရူဘီက နားမကြားတဲ့သူ့မိသားစုထဲမှာ နားကြားနိုင်တဲ့တစ်ဦးတည်းသောသူပါ။ သူတို့မိသားစုလေးကတော့ ငါးဖမ်းပြီးအသက်မွေးဝမ်းကျောင်းလုပ်တဲ့ တံငါသည်မိသားစုလေးပေါ့။ ရူဘီက ကျောင်းမသွားခင် သူ့အဖေ၊ အစ်ကိုနဲ့အတူတူ ငါးဖမ်းထွက်ရပါတယ်။ သူက မိသားစုရဲ့စကားပြန်လည်းဖြစ်တော့ မိဘတွေကသူ့ကိုအားကိုးကြတာပေါ့။ရူဘီအထက်တန်းရောက်တော့ တေးဆိုအဖွဲ့တစ်ခုထဲကိုဝင်ခဲ့ပါတယ်။ ရူဘီရဲ့အသံချိုချိုလေးနဲ့ပါရမီကို သတိပြုမိတဲ့ဆရာက သူ့ကိုသေချာလေ့ကျင့်ပေးပါတယ်။ ဒီလိုနဲ့ရူဘီဟာ သူ့မိသားစုတွေနားမလည်နိုင်တဲ့၊ ခံစားလို့မရတဲ့ သီချင်းဆိုတာကို အရမ်းစွဲလမ်းသဘော ကျသွားပါတယ်။ ရူဘီတစ်ယောက် သူနဲ့မိသားစုကြားကကွာဟချက်ကိုဖြတ်ကျော်ပြီး သူဝါသနာပါရာ သီချင်းဆိုတာကို ဆက်လက်လုပ်ဆောင်သွားနိုင်ပါ့မလားဆိုတာကို သီချင်းချိုချိုအေးအေးလေးတွေပါ နားဆင်ရင်းခံစားကြည့်ရှုပေးကြပါဦး။
Watch CODA Full Movie
Watch CODA Full Movie