Watch Women Talking Full Movie

အရာရာ ပစားပေးခံရလွန်းတဲ့ ဒီအမျိုးသားတွေကရဲတင်းလာပြီးတော့ တစ်ဆင့်တက်လို့ အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှုပါ ပေါ်ပေါ်ထင်ထင်ကျူးလွန်လာချိန်မှာတော့ အရှက်သိက္ခာကို ထိပါးလာတာကိုသည်းမခံနိုင်တဲ့ အမျိုးသမီးတွေစုပြီးဒီလူတွေကိုဖမ်းလိုက်ပါတယ်။ မကြာခင်မှာပဲ ဒီလူတွေကို ရဲကလာခေါ်သွားပါတယ် ဒါပေမဲ့ ကျူးလွန်သူတွေကို ဒေါသဖြစ်နေတဲ့ အမျိုးသမီးတွေဆီက ကာကွယ်ပေးဖို့ပါပဲ။ တစ်မြို့လုံးက ယောက်ျားသားများက ပန်းနု‌သွေးနေတဲ့ ဒီလူတွေအတွက် အာမခံပေးတဲ့အပြင်ကို မြို့မှာရှိတဲ့အမျိုးသမီးတွေကို ၂ ရက်အချိန်ပေးပါတယ် ဒီလူတွေကို ခွင့်လွှတ်ပေးဖို့ပါတဲ့။ ခွင့်မလွှတ်နိုင်ရင်တော့ မြို့ကနေ နှင်ထုတ်ခံရမှာပါ။ ဒီတော့ အမျိုးသမီးတစ်စုက ‌၂ ရက်တိတိဆွေးနွေးဖို့ ဖြစ်လာပါတော့တယ်။ အရာရာအညွန့်ချိုးခံထားရတဲ့အမျိုးသမီးငယ်တွေ တစ်သက်လုံး Victim blaming လုပ်ခံထားရကိုယ်ကအနိုင်ကျင့်ခံရပြီး ကိုယ်ပဲခင်မို့မို့အေးဖြစ်ဖြစ်သွားတဲ့ သူတို့အတွက်၊ ဒီမြို့ကနှင်ခံရရင်ကောင်းကင်ဘုံမရောက်နိုင်ဘူးလို့ ဘာသာရေးမှိုင်းတိုက်ခံထားရတာကတစ်ဖက်၊ Comfort Zoneက ရုန်းမထွက်နိုင်တာကတစ်ဖုံ၊ Victim Blaming ကိုကြောက်ပြီး ကြိတ်မှိတ်နေရင်းနဲ့ Stockholm Syndrome ‌ဝင်‌နေသူတွေကတစ်မျိုး
Watch Women Talking Full Movie
Watch Women Talking Full Movie