Watch Seal Team Full Movie

Seal Team ဇာတ်ကားမှာတော့ ပင်လယ်ဖျံလေး Quinnက အန္တရာယ်များတဲ့စွန့်စားခန်းတွေကို လုပ်ရတာနှစ်သက်တဲ့လူဖြစ်ပါတယ်။ သူ့သူငယ်ချင်း Benji ကတော့ သူရဲ့အကြံတွေကို ရူးမိုက်လိုက်တာလို့ အမြဲပြောတတ်ပေမဲ့ သူဘယ်သွားသွား အနားမှာရှိနေပေးတတ်သူဖြစ်တယ်။ Quinnနဲ့ Benjiတို့ သူငယ်ချင်းနှစ်ယောက်က အချင်းချင်းစောင့်ရှောက်ကြမယ်လို့ ကတိပေးထားကြတာဖြစ်တယ်။ တစ်နေ့မှာတော့ Quinnရဲ့စွန့်စားခန်းကို လိုက်လာတဲ့ Benjiတစ်ယောက်ဟာ ငါးမန်းGrimesရဲ့ စားတာကိုခံလိုက်ရတယ်။သူငယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့ Quinnဟာ ငါးမန်းတွေကို တိုက်ခိုက်ဖို့အတွက် စစ်သားဟောင်းကြီး ပင်လယ်ဖျံClaggartဆီမှာ တိုက်ခိုက်နည်းတွေသင်ပေးဖို့ တောင်းဆိုခဲ့တယ်။ Claggartက ငါးမန်းတွေနဲ့ တိုက်ခိုက်ဖို့က သတ္တိရှိပြီး ရူးမိုက်တဲ့ အဖွဲ့တစ်ဖွဲ့ လိုအပ်တယ်လို့ ပြောတာကြောင့် Quinnတစ်ယောက်က ပင်လယ်ဖျံအုပ်ထဲက ရူးမိုက်တဲ့ပင်လယ်ဖျံBerthနဲ့ သတ္တိရှိတဲ့ပင်လယ်ဖျံGeraldoကို ခေါ်လာကာ တိုက်ခိုက်နည်းတွေသင်ယူခဲ့တယ်။ Quinnတစ်ယောက် ငါးမန်းတွေကို အနိုင်ယူနိုင်ပါ့မလားဆိုတာ ကြည့်ရှုကြပါအုံး။
Watch Seal Team Full Movie
Watch Seal Team Full Movie