
Watch Magic Mike's Last Dance Full Movie
ဖော်ချွတ်အကသမားအဖြစ်က ထွက်ခဲ့ပြီး ကုမ္ပဏီလေးတစ်ခုထောင်ထားတဲ့ မိုက်ခ်က ကမ္ဘာ့ကပ်ရောဂါကြောင့် ထင်သလောက် အလုပ်မဖြစ်ဘဲ အရက်စပ်တဲ့သူအဖြစ် ဝင်လုပ်ခဲ့ပါတယ် ပရဟိတပွဲတစ်ခုမှာ အရက်စပ်ပေးရင်းနဲ့ တစ်ညမှာတော့ အထီးကျန်နေတဲ့ သူဌေးကတော်လေး မက်စ်အတွက် တစ်ကိုယ်တော်ကပြဖျော်ဖြေဖြစ်သွားတယ်ပဲ ဆိုပါတော့လေ မိုက်ခ်ရဲ့ ဖျော်ဖြေမှုကြောင့် အကြံအစည်သစ်တစ်ခု ရသွားတဲ့ မက်စ်က လန်ဒန်ကို အတူလိုက်ခဲ့ဖို့၊ မိုက်ခ်အတွက် အလုပ်တစ်ခု စီစဉ်ပေးမှာဖြစ်လို့ သူနဲ့တစ်လလောက် အလုပ်အတူလုပ်ပါလို့ ကမ်းလှမ်းလာခဲ့တာမို့ မိုက်ခ်တစ်ယောက် လန်ဒန်ကို ပါသွားပါတော့တယ် ဟိုရောက်မှ သိရတာက သူလုပ်ရမှာက ပြဇာတ်ရုံတစ်ခုမှာ ဒါရိုက်တာအဖြစ် ပွဲတစ်ခုစီစဉ်ပေးရမှာဖြစ်ပြီး အမျိုးသမီးတွေအတွက် ဦးစားပေးတင်ဆက်တဲ့ အကြီးစားအကဖျော်ဖြေပွဲတစ်ခုကို အစအဆုံး တာဝန်ယူလုပ်ပေးရမှာဆိုတာပါ အဓိက ပြဿနာကတော့ သူတင်ဆက်ရမယ့် ပြဇာတ်ရုံက မက်စ်ရဲ့အရင်ယောက်ျားဘက်ကနေ မက်စ်ရထားတဲ့ ဂန္တဝင်ပြဇာတ်ရုံဖြစ်ပြီး သူတို့ကို ပွဲမလုပ်နိုင်အောင် ပြဇာတ်ရုံပြင်ဆင်မွမ်းမံရေးမှာ အရင်ယောက်ျားဘက်က နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်လာတာပါပဲ