Watch Ved Full Movie

ဒိုင်ကိုလာဘ်ထိုးပြီးတစ်ဖက်သတ်ကြီး အနိုင်ရနေတဲ့ခရစ်ကတ်ပွဲမှာ ယစ်ထုတ်ကြီးတစ်ယောက်က Bluetooth နဲ့ ၀င်နည်းပြပေးလိုက်ရာကနေ ချက်ချင်း ရလဒ်တွေ ပြောင်းပြန်ဖြစ်သွားတဲ့ ခရစ်ကတ်ပွဲလေးနဲ့ အစပျိုးထားပါတယ် ဒီယစ်ထုတ်ကြီးကတော့ တစ်ခြားသူမဟုတ်ပဲ ကျောင်းသားဘ၀တည်းက ခရစ်ကတ်ကိုရူးသွပ်ခဲ့သူ ဆပ်တရာပါ ခရစ်ကတ်ကိုကြိုးစားရင်း အင်ဂျင်နီယာပညာမှာလည်း ထူးချွန်တဲ့ဆပ်တရာဟာ အချစ်ဦးနဲ့ဆုံတွေ့လာပါတော့တယ် အရာရာပြည့်စုံမနေတဲ့ လောကကြီးမှာ ချစ်သူနှစ်ဦးကြား ၀င်မွှေလာတဲ့အရာကတော့ မိဘအုပ်ထိန်းသူပါပဲ အညွှန်းကိုဒီလောက်ပဲရပ်လိုက်ကြရအောင် ဒီအချစ်ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မလဲ ခရစ်ကတ်ကိုရူးသွပ်တဲ့ကောင်လေးက ခရစ်ကတ်ကိုတောင် ဆက်မဆော့တော့တဲ့ထိ ဘာကြောင့်များ ပြောင်းလဲသွားရလဲ အချစ်သီချင်းလေးတွေ စုံစုံလင်လင်နားဆင်ခံစားပြီး ကိုယ်တိုင်ပဲရှူစားကြည့်ပါ
Watch Ved Full Movie
Watch Ved Full Movie