
Watch Blue's Big City Adventure Full Movie
Blue’s Big City Adventure ဆိုတဲ့ ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးတကား အကြောင်းပြောပြချင်ပါ တယ်။ ဇာတ်လမ်းလေးထဲမှာတော့ ဂျော့ရှ် ဆိုတဲ့ ကောင်လေးနဲ့ သူ့ရဲ့ခွေးလေး ဘလူးတို့ဟာ သူတို့ရဲ့အိပ်မက်ဖြစ် တဲ့ပြဇာတ်သရုပ်ဆောင်တွေ ဖြစ်လာကြဖို့ နယူးယောက်မြို့က လူရွေးပွဲကို ရောက်လာကြတာဖြစ်ပါတယ်။ ဖြစ်ချင်တော့ လူရွေးပွဲလုပ်မယ့် ပြဇာတ်ရုံရဲ့ လိပ်စာရေးထားတဲ့ မှတ်စုစာအုပ်ဟာ အိမ်မှာကျန်နေခဲ့ပါတယ်။ မှတ်စုစာအုပ်မပါတဲ့ ဂျော့ရှ်နဲ့ ဘလူးတို့ နယူးယောက်မြို့ကြီးမှာ ဘာအခက်အခဲတွေ ကြုံရမလဲ? သူတို့ရည်မှန်း ချက်ကို အရောက်လှမ်းနိုင်ဖို့ ဘယ်လို စွန့်စားခန်းတွေ ဖွင့်ကြမလဲ? ဆိုတာ တေးသီချင်းလေးတွေနဲ့ ချစ်စရာ ကောင်းတဲ့ကားလေးကို ကြည့်ရင်း ရင်ခုန်ကြတာပေါ့။