
Watch 썬더버드 Full Movie
Thunderbird ကတော့ မှုခင်းအက်ရှင်ကိုကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ လောင်းကစားသမားတစ်ဦးဖြစ်တဲ့ ကင်ထယ်မင်းဟ တစ်နေ့ မှာတော့သူ့ဘဝအလှည့်အပြောင်းဖြစ်သွားစေမယ့်ပမာဏကိုနိုင်ခဲ့ပြီးတော့ Thunderbird ဆိုတဲ့ တန်ဖိုးကြီးကားတစ်စီးကို ရရှိခဲ့တဲ့အပြင် ငွေသားများစွာပါပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီကားကိုရောကားထဲကပိုက်ဆံတွေကိုပါ ဆုံးရှုံးဖို့ဖြစ်လာခဲ့ပြီး သူ့ရဲ့အစ်ကိုဖြစ်သူ ထယ်ဂယွန်းရယ်၊ ရည်းစားဖြစ်တဲ့ မီယောင်းရယ်နဲ့အတူ ကားကိုလိုက်ရှာရင်း အဲ့ဒီသည်းထိတ်ရင်ဖိုတစ်ညတာအတွင်းမှာ ဘယ်လိုအဖြစ်တွေကြုံတွေ့ရမှာလဲဆိုတာကို ကြည့်ရှုရမှာပါ။သရုပ်ဆောင်တွေအနေနဲ့တော့ မင်းသားသစ် Lee Myung Ro ၊ မင်းသမီးသစ် Lee Seol နဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင် Seo Hyun Woo တို့ကအဓိကပါဝင်ထားပါတယ်။