Watch Serendipity Full Movie

နယူးယောက်မြို့တော်မှာ ဂျိုနာသန်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ဆာရာ ဆိုတဲ့ ကောင်မလေးကို Bloomingdale ဆိုတဲ့ department storeတစ်ခုမှာ စတွေ့ခဲ့မိပါတယ်။သူတို့နှစ်ယောက်ဟာ ကတ်ရှ်မဲ လက်အိပ်အနက်ကလေး တစ်စုံတည်းကို ဝယ်ဖို့ ပြိုင်တူဆုပ်ကိုင်မိခဲ့တာ။နှစ်ယောက်လုံးမှာသက်ဆိုင်သူ ကိုယ်စီရှိတော့ စကားအပြန်အလှန်ပြောရင်း လက်ဆုံကျပြီး ဆိုင်မှာအတူထိုင်ဖြစ်ကြတယ်ဆိုပါတော့။ ဆိုင်ကလေးရဲ့ နာမည်က Serendipity 3 ပါ။ ဆာရာကသူ့ဘဝရဲ့ ဆုံးဖြတ်ချက်တွေ အကြောင်းပြောပြဖြစ်ခဲ့တယ်။ သူတို့နှစ်ယောက်ဟာ စားသောက်ဆိုင်မှာ ကျန်နေခဲ့တဲ့ ပစ္စည်းတွေကို claim လာလုပ်ရင်းနောက်တစ်ခါ ထပ်ဆုံဖြစ်ကြပါတယ်။ ဒါကတော့ ကံကြမ္မာမှာ သူတို့တွေရေစက်ပါလာတယ်လို့ ယူဆပြီး ဖုန်းနံပါတ်လေးတွေ ဖလှယ်ဖြစ်ခဲ့တယ်။ဆာရာ့လက်ထဲက ဖုန်းနံပါတ်ကလေး လေထဲလွင့်ပါးသွားတော့ ဒါဟာနမိတ်ဆိုးပဲလို့ ဆာရာက ယူဆလိုက်တော့တယ်။ဒီတော့ ဖုန်းနံပါတ်တွေကို တစ်ခြားနည်းနဲ့ ဖလှယ်ဖြစ်ခဲ့တယ်။ တစ်ယောက်က ငါးဒေါ်လာတန်လေးပေါ်မှာ နံပါတ်ရေးတယ်။ နောက် တစ်ယောက်ကမနက်ဖြန်ရောင်းမယ့် စာအုပ်တစ်အုပ်ရဲ့အတွင်းဖုံးလေးမှာ ရေးတယ်။သူတို့သာ တကယ်တမ်း ဖူးစာဖက်ဆိုရင် ဆိုတဲ့ မျှော်လင့်ချက်ကလေးတွေကိုယ်စီနဲ့ပေါ့လေ
Watch Serendipity Full Movie
Watch Serendipity Full Movie