Watch The Boy, the Mole, the Fox and the Horse Full Movie

လမ်းပျောက်နေတဲ့ကောင်လေးတစ်ယောက်ရယ်၊ ကိတ်မုန့်ကြိုက်တဲ့ပွေးတစ်ကောင်ရယ်၊ စကားနည်းတဲ့မြေခွေးတစ်ကောင်ရယ်၊ ဆွတ်ဆွတ်ဖြူတဲ့မြင်းတစ်ကောင်ရယ်။ဒီ Animation လေးထဲမှာ ကောင်လေးဟာ လမ်းပျောက်နေတယ်။ဒီလိုနဲ့ပွေးတစ်ကောင်နဲ့ဆုံတယ်။ မြေခွေးတို့ မြင်းတို့နဲ့ ထပ်ဆုံပြီး ကောင်လေးလိုချင်တဲ့အိမ်ကို လိုက်ရှာပေးကြတယ်။ ဇာတ်လမ်းလေးကဒါပါပဲ။သို့သော်။ “မင်းပြောဖူးသမျှထဲ အရဲရင့်ဆုံးစကားကဘာလဲ”၊ “ကူညီပါ”။တစ်ယောက်တည်း မလုပ်နိုင်တာတွေ ကြုံရတဲ့အခါ အကူအညီတောင်းပါ။အကူအညီတောင်းတာက အရှုံးပေးတာမဟုတ်ပါဘူး။ ရှက်တာလိုလိုနဲ့ မာနခံပြီး ပေတေနေမှသာ တကယ်ရှုံးသွားမှာပါ။လူတိုင်းလမ်ပျောက်တတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် လမ်းပျောက်လို့ပျောက်နေမှန်း သိရင်ခင်ဗျားတော်တယ်။ တစ်ချို့ လမ်းပျောက်တာကျ အပျင်းကြီးပြီးထိုင်နေလို့ လမ်းပျောက်တာမဟုတ်ဘူး။ ရှေ့ဆက်သွားနေလို့၊ မရပ်တန့်ဘဲ ဆက်ကြိုးစားနေလို့သာ လမ်းပျောက်တာ။ဇာတ်ကောင်အားလုံးပေါင်းမှ ၄ကောင်တည်း။ ကြာချိန်ကလည်းနာရီဝက်သာသာတည်း။ ဒါပေမယ့် တဒင်္ဂနစ်မျောသွားစေမယ့် မျက်လုံးအေးစေမယ့် ဇာတ်လမ်းလေး။ ကြည့်ပြီးသွားရင် တွေးစရာတစ်ခုခု၊ ရလဒ်အဖြေတစ်ခုခုကျန်ခဲ့ပါစေကြောင်း။
Watch The Boy, the Mole, the Fox and the Horse Full Movie
Watch The Boy, the Mole, the Fox and the Horse Full Movie