Watch Deck the Halls Full Movie

ဒီတခါမိတ်ဆက်ပေးချင်တာကတော့ခရစ်စမတ်အငွေ့အသက်တွေနဲ့ Hallmark movies‌တွေထဲက မိသားစုကားကောင်းလေး တစ်ကားပါ။ ရေဂန် ရိုင်လေဆိုတာက နာမည်ကြီး အလွတ်တန်းစုံထောက်မလေး။မိခင်ကလည်းနာမည်ကြီးစာရေးဆရာမ နိုရာ ရိုင်လေဖြစ်သလို ဖခင်ဖြစ်သူကလည်း အသုဘအိမ်လုပ်ငန်းရဲ့သူ‌ဌေးကြီး လုခ်ရိုင်လေ။ ခရစ်စမတ်အချိန်အခါမှာ သူမရဲ့‌ နွေးထွေးလှတဲ့မိသားစုနဲ့အချိန်ဖြတ်သန်းဖို့အိမ်ကိုရောက်နေခဲ့ချိန်မှာပဲ သူမရဲ့ဖခင်က ပြန်ပေးဆွဲခံလိုက်ရပါတယ်။ သူမအမေရဲ့ ပရိတ်သတ်ဖြစ်တဲ့ အရမ်းစပ်စုသလောက် တော်လည်းတော်တဲ့ အပျော်တမ်းစုံထောက် အယ်ဗိုင်ရာနဲ့အတူ သူမရဲ့ ဖခင်ဖြစ်သူကို ဘယ်လိုရှာဖွေကြမလဲ။ ပြန်ပေးဆွဲသူက ဘယ်သူလဲ ဘာကြောင့်လုပ်ရတာလဲ။ သူ့အမှုကိုကူညီဖို့ အယ်ဗိုင်ရာခေါ်လိုက်တဲ့စုံထောက်လေး ဂျက်ခ်နဲ့ရော ဘယ်လို ဇာတ်လမ်းလေးတွေ ဖြစ်မလဲ။ ဒီခရစ်စမတ်မှာ ဒီမိသားစုတွေအတူတကွ ပြန်လည်ဆုံစည်းနိုင်ပါ့မလား ဆိုတာကိုဒီ Deck the halls ဆိုတဲ့ မိသားစုခရစ်စမတ်ကားလေးမှာ ရှုစားအားပေးကြပါဦး
Watch Deck the Halls Full Movie
Watch Deck the Halls Full Movie