Watch Yellowjackets Full Movie

နယူးဂျာစီအထက်တန်းကျောင်းသူလေးတွေပါဝင်တဲ့ဘောလုံးအဖွဲ့က နိုင်ငံအဆင့်ပြိုင်ပွဲဝင်ဖို့ ပျော်ရွှင်စွာ လေကြောင်းခရီးထွက်လာကြပေမယ့် သူတို့စီးလာတဲ့လေယာဉ်က ကနေဒါနိုင်ငံကို ဖြတ်ကျော်စဉ်မှာ တောနက်ထဲကိုပျက်ကျသွားခဲ့ပါတယ် လေယာဉ်ပျက်ကျလို့ သေဆုံးသွားတဲ့သူတွေလည်း ရှိသလို အသက်ရှင်ကျန်တဲ့ သူတွေလည်းရှိတာမို့ ကယ်ဆယ်တဲ့သူတွေ မလာခင်အထိ ကျန်ရစ်တဲ့ ကျောင်းသူကျောင်းသားလေးတစ်စုဟာ တောကြီးမျက်မည်းထဲမှာ အသက်ရှင်နေထိုင်နိုင်ဖို့ ရုန်းကန်ရပါတော့တယ် ဒီလိုနဲ့ ၁၉လကြာ တောင့်ခံပြီးတဲ့အချိန်မှာပဲ ကယ်ဆယ်ရေးအသင်းရောက်လာခဲ့တာမို့ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ခွင့်ရသွားခဲ့ကြတာပေါ့ အဲဒီလိုရှင်ကျန်ခဲ့တဲ့သူတို့တွေက ကယ်တင်ခံရပြီးနောက်မှာ အချင်းချင်းလည်း မဆက်သွယ်ကြ၊ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုလည်း တိတိပပ လူထုကိုချမပြဘဲ သိုသိုဝှက်ဝှက်နဲ့ နေထိုင်ခဲ့ကြပါတယ် ဒီလိုနဲ့ ၂၅နှစ်အကြာ ၂၀၂၁ခုနှစ်ကိုရောက်တဲ့အချိန်မှာတော့ သူတို့ထဲက တချို့ဆီကို ၁၉လကြာ တောတွင်းအိပ်မက်ဆိုးကြီးကို အမှတ်ရစေမယ့် ပို့စ်ကတ်တစ်ခုရောက်လာခဲ့ပါတော့တယ်
Watch Yellowjackets
Watch Yellowjackets