
Watch The Midnight Club Full Movie
စီးရီးအစမှာတော့ အလွန်ကာဆိုတဲ့ ကောင်မလေး တစ်ယောက်ကနေ စထားပါတယ်။ အလွန်ကာဟာ စာတော်ပြီး အထက်တန်းကျောင်းပြီးလို့ ကောလိပ် တက်ဖို့စောင့်နေတဲ့ ကောင်မလေးဖြစ်ပါတယ်။ ဒါပေမဲ့ ကင်ဆာကုမရတဲ့အဆင့်ရောက်နေတာကို သိလိုက်ရပြီး အိပ်မက် တွေ ပျက်စီးသွားခဲ့တယ်။ အဲဒီမှာ သူ့လိုပဲ ဆရာဝန်တွေလက်လျှော့ထားတဲ့ ရောဂါပိုင်ရှင် ဆယ်ကျော်သက်လူငယ်လေး တွေ နောက်ဆုံးအချိန်မှာ အနားယူကြတဲ့ အိမ်တစ်ခုကိုတွေ့သွားပြီး သွားဖို့ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ သူ့လိုပဲ ရောဂါ သည် ၇ ယောက်နဲ့တွေ့ပြီး ညသန်းခေါင်ကလပ်ဆိုတာမှာဝင်ပါလိုက်တယ်။ အဲဒီကလပ်ကညတိုင်း ကြောက်စရာပုံပြင် တွေ အလှည့်ကျပြောရတဲ့အပြင် သူတို့အဖွဲ့ထဲကပထမဆုံးသေတဲ့လူဟာ တမလွန်ကနေကျန်တဲ့သူတွေကို မရရအောင် ဆက်သွယ်ပြီး ပြောပြရမယ်လို့ ကတိပေးထားကြပါတယ်။ ဒီလိုနဲ့ သူတို့အထဲက တစ်ယောက် အရင်ဆုံးသေသွားတဲ့အခါ ထူးဆန်းတာတွေ စတင်လာပါတော့တယ်