
Watch Welcome to Chippendales Full Movie
ဆိုမန်စတိဗ်ဘန်းနာဂျီ ဟာ အိန္ဒိယကနေ အမေရိကန်ကို ရွှေ့ပြောင်းလာရောက်နေထိုင်သူဖြစ်ပြီးဇွဲနပဲရှိရှိ ခြစ်ကုတ်စုဆောင်းနိုင်မှုကြောင့် ခုနစ်နှစ်ကြာပြီးနောက်မှာကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်နိုင်သွားတယ်။အစဦးမှာ ရေလိုက်ငါးလိုက်လွဲခဲ့ပေမဲ့ သူဟာ ၁၉၈၀ ခုနှစ်များမှာအမျိုးသမီးတွေအတွက် အမျိုးသားအဖော်အချွတ်ကလပ်“ချစ်ပန်ဒေးလ်စ်” ကို အောင်မြင်တဲ့လုပ်ငန်းအဖြစ်ဦးဆောင်နိုင်ခဲ့တဲ့ စီးပွားရေးစွမ်းဆောင်ရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူတည်ထောင်ခဲ့တဲ့ ချစ်ပန်ဒေးလ်စ်ဟာအခုခေတ်ကာလအထိ နာမည်တစ်ခုရှိနေပေမဲ့သူ့ရဲ့ဇာတ်ကြောင်းကတော့ သာမန်စီးပွားရေးစွမ်းဆောင်ရှင်တွေလောက် မရိုးရှင်းခဲ့။သူ့ရဲ့ကလပ် အောင်မြင်ရေး၊ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ရေးအတွက်လိုက်ခဲ့မိတဲ့ လမ်းမှားတွေနဲ့နောက် ဆုံးမှာ ခေတ်တစ်ခေတ်ရဲ့အဆန်းကြယ်ဆုံး မှုခင်းဖြစ်ရပ်မှန်တစ်ခုအဖြစ်ယနေ့ထိတိုင် ပြောမဆုံး ဖြစ်နေကြသေးတဲ့အမေရိကန်အိပ်မက်လမ်းကြောင်းလွဲသွားခဲ့ပုံကို ကြည့်ရှုရမှာပါ။