
Watch The Glory Full Movie
ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ တစ်ပုံကြီးနဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက် ကံဆိုးစွာနဲ့ပဲ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခုမှာ နစ်နာသူဖြစ်ခဲ့တယ်ဆိုပေမဲ့ ကျောင်းနားရမဲ့အထဲ သူလည်း ပါဝင်ခဲ့ရတယ်။နှစ်တွေ ကြာလာတဲ့အခါမှာတော့ တစ်ချိန်က ကျောင်းတွင်းအကြမ်းဖက်မှုမှာ အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူဟာ အိမ်ထောင်ရပ်သားကျပြီး သားသမီးတွေပါ ထွန်းကားခဲ့ပါပြီ။ ဒီလိုနဲ့ သူရဲ့ သားသမီးတွေ ကျောင်းနေရမဲ့ အရွယ်ရောက်လာပါတော့တယ်။ကံကြမ္မာအလှည့်အပြောင်းအနေနဲ့ ကလေးတွေရဲ့ အတန်းပိုင် ဆရာမက တစ်ချိန်က သူ အနိုင်ကျင့်ခဲ့တဲ့သူဖြစ်နေတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ?မိဘနဲ့ ရန်ငြိုးရှိခဲ့တာကြောင့် ကလေးတွေအပေါ် မညှာမတာလုပ်ရပ်တွေနဲ့ လက်စားချေသွားမလား?ဆရာ ဆိုတဲ့ ဂုဏ်အတိုင်း ကလေးတွေကို ငဲ့ညာမလား? ဆိုတာတော့ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်။