
Watch Monarch: Legacy of Monsters Full Movie
ဂေါ်ဇီလာနဲ့ ကင်းကောင်တို့ ပါဝင်နေတဲ့ ရုပ်ရှင်တွဲတွေကို Monsterverse လို့ ခေါ်ပါတယ်။ ဒီစီးရီးကတော့ အဲဒီ Monsterverse မှာ ပါဝင်နေတဲ့ စီးရီးပဲဖြစ်ပါတယ်။ စီးရီးစတင်ချိန်ကတော့ လူတွေ G-day လို့ခေါ်ကြတဲ့ ၂၀၁၄ ဂေါ်ဇီလာတိုက်ခိုက်မှုအပြီး တစ်နှစ်အကြာပဲ ဖြစ်ပါတယ် ပဟေဠိဆန်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ရဲ့ မိန်းမနှစ်ယောက်က မွေးတဲ့ ကလေးတစ်ယောက်စီ ပြန်ဆုံကြပြီး သူတို့အဖေနဲ့ တိုက်တန်သတ္တဝါကြီးတွေကို လေ့လာစောင့်ကြည့်တဲ့ မိုနာ့အဖွဲ့အစည်းကြားက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မိကြပုံကို ဇာတ်လမ်းဆင်ထားတာပါ။ Apple TV ရဲ့ နာမည်ကျော် Severance ဇာတ်လမ်းတွဲရဲ့ ပရိုဂျူဆာ Chris Black ကပဲ ဒီ ရှိုးကို တာဝန်ယူထားပါတယ်။ စီဂျီအိုင်ကောင်းကောင်း ဆက်တင်ကောင်းကောင်းနဲ့ ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာကောင်းပြီး မင်းသမီးလေးတွေလည်း လန်းတာမို့ နိုဝင်ဘာလအတွက် စောင့်ကြည့်စရာ ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။