
Watch THE DAYS Full Movie
၂၀၁၁ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာ ၉.၁ ရစ်ချ်တာစကေးရှိတဲ့ ဂျပန်နိုင်ငံရဲ့ သမိုင်းတလျောက် အပြင်းထန်ဆုံး နဲ့ ကမ္ဘာ့ စတုတ္ထမြောက်အပြင်းထန်ဆုံး တိုဟူကူ ငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ် အဲဒီလို ပြင်ထန်းလှတဲ့ ငလျင်ကြီးက သမုဒ္ဒရာကြမ်းပြင်ကို ဗဟိုပြုတိုက်ခိုက်ခဲ့တာကြောင့် ၁၃-၁၄ မီတာလောက်မြင့်တဲ့ လှိုင်းလုံးကြီးတွေနဲ့ ဆူနာမီကပါ နောက်ဆက်တွဲ တိုက်ခတ်ပါလေရော ဂျပန်နိုင်ငံမှာကလည်း လျှပ်စစ်ဓာတ်အားပေးတာက ရေအားလျှပ်စစ်အပြင် နူကလီယားဓာတ်ပေါင်းဖိုတွေနဲ့ပါ ပေးနေတော့ ဖူကူရှီးမားဒိုင်နီစက်ရုံကြီးထိ ရေတွေကတက်ခဲ့တာပါ သဘာဝနိယာမအရ အဆိုးနဲ့အကောင်းဒွန်တွဲနေတယ်ဆိုသလိုပဲ ဓာတ်ပေါင်းဖိုကရတဲ့ လျှပ်စစ်ဓာတ်အားနဲ့ လိုသလိုအသုံးချလို့ရခဲ့ပေမဲ့ အဲဒီ ဓာတ်ပေါင်းဖိုကြီးကို ထိန်းသိမ်းရတာကလည်း အရမ်းခက်ခဲသလို အရမ်းလည်း အန္တရာယ်များတာပါ ငလျင်လှုပ် ရေတွေကြီးတော့ ဓာတ်ပေါင်းဖိုကြီးမှာ လျှပ်စစ်ဓာတ်အားက ပြတ်တောက်သွားပါလေရော အဲဒါနဲ့ အရန်မီးစက်နှိုးတော့လည်း ပင်လယ်ရေတွေကြောင့် ထပ်ပျက်စီးတော့ လုံးဝကို အမှောင်ကျသွားတာပါ ပြဿနာက အဲဒီလို ရေကြီးလာရင် ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတာကို ရိုက်ပြထားတာပါ