
Watch United Kacche Full Movie
နိုင်ငံခြားမှာပိုက်ဆံရှာပြီးသူဌေးဖြစ်လာဖို့ဆိုတာ ပန်ဂျပ်ပြည်နယ်က တန်ဂိုဆိုတဲ့ကောင်လေးရဲ့အိပ်မက်တစ်ခု အသိတွေရော သူငယ်ချင်းတွေပါ ထွက်နေကြတဲ့အချိန် ပိုက်ဆံကမရှိတော့ တန်ဂိုတစ်ယောက် အကြံအိုက်နေချိန်ပေါ့ ဒီလိုနဲ့လူတစ်ယောက်နဲ့ တွေ့ဆုံပြီး အဲဒီလူအကြံပေးပါတယ် ပန်ချာပီတွေလုပ်နေကြနည်းအတိုင်း ဘိုးဘွားမြေတွေပေါင်ပြီး နိုင်ငံခြားထွက်ဖို့ပါ ဒီလိုပဲပတ်ကြံလိုက်တာ ပေါင်ဖြစ်သွားတယ်ဆိုပါတော့ နိုင်ငံခြားရောက်ပြီးတော့ အလုပ်ရှာဘာညာနဲ့ ဗီဇာသက်တမ်းကုန်ပါလေရော ပြဿနာကဒီကစမှာပါ ဒီလိုတရားမဝင် နေထိုင်သူတွေကို ကာကြေးလို့ခေါ်ကြပါတယ် ဒီကာကြေးတွေကို ဖမ်းတဲ့အဖွဲ့က ရှိနေပါတယ် ဖြစ်ချင်တော့ အဲဒီဖမ်းမဲ့ကောင်နဲ့ တန်ဂိုနဲ့တစ်အိမ်တည်းမှာ သွားငှားမိပါလေရော ဒီတော့ အဖော်မပါကိုယ်တစ်ယောက်တည်း ဖြစ်နေတဲ့နိုင်ငံခြားမှာ တရားမဝင်ဖြစ်နေမဲ့အပြင်ကို လိုက်ဖမ်းတဲ့လူနဲ့ပါ အတူနေမိတဲ့ တန်ဂိုတစ်ယောက် ဘယ်လိုဇာတ်သိမ်းသွားမလဲ ကြည့်လိုက်ကြပါဦး