
Watch TO BE CONTINUED SERIES - 2024 Full Movie
ACHIVICH တစ်ယောက် အထက်တန်းကျောင်းသားဘဝကတည်းက JIRAWAT အပေါ်ကို လျှို့ဝှက်ပြီး တစ်ဖက်သက်ခံစားချက်တွေရှိနေခဲ့တယ်။ဒါပေမယ့် အဲအချိန်မှာ JIRAWAT ကတော့ ကောင်မလေးတစ်ယောက်နဲ့ အချစ်ဇာတာဆုံနေခဲ့ချိန်ပေါ့။မကြာပါဘူး အဲဒီကောင်မလေးက သူ့အပေါ် ဖောက်ပြန်သွားခဲ့တယ်။သည်လိုနဲ့ သူငယ်ချင်းနှစ်ယောက်ကြားပြောင်းလဲခြင်း အစကတော့ ရုပ်ရှင်အတူကြည့်ဖြစ်တဲ့ ညလေးတစ်ညက စတင်လာခဲ့တယ်။ရုပ်ရှင်ညလေးက မထင်မှတ်ဘဲ နှစ်ယောက်ကြားကဗျာဆန်တဲ့ အခိုက်အတန့်လေးတစ်ခု ဖြစ်သွားခဲ့တဲ့အခါမှာ JIRAWAT တစ်ယောက် နောက်တစ်နေ့ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေခဲ့ပြီး ACHIVICHကတော့ အသည်းကွဲခဲ့ရတာပေါ့။ဆယ်စုနှစ်တစ်ခုအကြာမှာJIRAWAT ကအရိုးခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်နေပြီး ACHIVICHက နာမည်ကြီး စူပါစတားတစ်ယောက်ဖြစ်လာခဲ့တယ်။သည်လိုနဲ့ နှစ်တွေအများကြီး မတွေ့ဖြစ်ခဲ့ကြတဲ့ အရင်က သူငယ်ချင်းဟောင်းနှစ်ယောက် ပြန်ဆုံတွေ့ဖြစ်လာတော့ သူတို့ရဲ့ ခံစားချက်ကို တဖန်မေးခွန်းထုတ်လာရတော့တယ်။အဲနေ့ညက မပြီးပြတ်ခဲ့တဲ့ရုပ်ရှင်လေးကို သူတို့ ရှေ့ဆက်နိုင်မလား JIRAWAT ကရော သူ့ရဲ့ခံစားချက်အစစ်မှန်ကို လက်ခံလာနိုင်မလားဆိုတာ #victor_khai #คุณได้ไปต่อ #ToBeContinuedSeries