Watch I BECAME THE MAIN ROLE OF A BL DRAMA - 2023 Full Movie

ယနေ့ခေတ် နာမည်ကြီး လူကြိုက်များနေတဲ့ ထိပ်တန်းအနုပညာရှင်စူပါစတား အာကဖူဂျီ.. လွန်ခဲ့တဲ့ ၁၀ စုနှစ်ကာလမှာ ကလေးသရုပ်ဆောင်အဖြစ် နာမည်ကြီးခဲ့ပြီး ယခုမှာတော့ လူမသိသူမသိဘဝနဲ့ အလုပ်ပညာလှုပ်ရှားမှုတွေလုပ်နေတဲ့ အအိုရနာဂီဟဂျိမဲ.. သူတို့နှစ်ယောက်ဟာ BL ဇာတ်လမ်းတွဲတစ်ခုမှာ သရုပ်ဆောင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဟဂျိမဲအတွက်ကတော့ ၁၀ စုနှစ်တစ်ခုကြာမှ အဓိကဇာတ်ကောင်အဖြစ် ပြန်လည်သရုပ်ဆောင်ရတဲ့ကားဖြစ်တဲ့အတွက် အကောင်းဆုံးတွေလုပ်ဖို့ စိတ်လှုပ်ရှားရင်ခုန်နေခဲ့ပါတယ်..။ ဒါပေမယ့် အာကဖူဂျီဆီကနေ လုံးဝကို လျစ်လျူရှုခံခဲ့ရပါတယ်။ နှစ်ယောက်သား ဇာတ်လမ်းအတွက် CHEMISTRY မိအောင် တစ်အိမ်တည်းအတူနေဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ တကယ်ကတော့ အာကဖူဂျီဟာ ဟဂျိမဲကို တိတ်တခိုးချစ်နေခဲ့တဲ့အတွက် အတူရှိနေချိန် ရင်ခုန်သံထိန်းချုပ်ရင်း လျစ်လျူရှုသလို ဖြစ်သွားခဲ့တာပါ..။ ဒါကို ဟဂျိမဲက အမုန်းခံရတယ်လို့တွေးနေမိတဲ့အခါ.. ကိုယ့်အတွေးနဲ့ကိုယ် ဗျာများနေကြတဲ့ သူတို့နှစ်ယောက်ရဲ့ အတူနေထိုင်မှုက ဘယ်လိုတွေဖြစ်သွားမလဲ..။ ဇာတ်လမ်းတွဲမှာရော ဓာတုဗေဒမိမိသရုပ်ဆောင်နိုင်ပါ့မလား..။ဒီ အချစ်ဇာတ်မြူးကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ရအောင်နော်..။ #victor_khai
Watch I BECAME THE MAIN ROLE OF A BL DRAMA - 2023
Watch I BECAME THE MAIN ROLE OF A BL DRAMA - 2023