
Watch Dr. Romantic Full Movie
Romantic ဆိုတာ လူနာတွေနဲ့ ခွဲခန်းတွေမှာ ကျွမ်းကျင်တဲ့ အကပညာရှင်တစ်ယောက်လို ဆရာဝန်တွေဟာ ကိုင်တွယ်ဖြေရှင်းတာလို့ ဆိုလိုချင်ပုံရပါတယ် ဒီစီးရီးရဲ့ကောင်းချက်တွေက ပြောလို့ကို ကုန်မှာမဟုတ်ဆို လွန်ရာကျပါလိမ့်မယ် ကြည့်ဖူးတဲ့သူတွေသိပါတယ် လူနာတစ်ယောက်အသက်ရှင်ဖို့ ဟိုးအောက်ခြေဝန်ထမ်းကစလို့ အမြင့်ဆုံးဆရာဝန်တွေအထိ တာဝန်ယူရတဲ့အပိုင်းတိုင်းအရေးကြီးတာကို ပြထားသလို ခွဲခန်းတွေကလည်း နယ်မြို့လေးမှာ အထောက်အပံနည်းနည်းနဲ့ တတ်မြောက်ထားတဲ့ပညာတွေနဲ့ လက်ရှိအခြေအနေပေါ်မူတည်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကုသရတဲ့အပိုင်းတွေကလည်း တကယ့်ကိုသဲထိတ်ရင်ဖိုပဲ