
Watch The Mandalorian Full Movie
ဒီစီးရီးရဲ့ အချိန်ကာလကတော့ စတားဝါးစ် ၆ – ရီထန်းအော့ဖ်သယ်ဂျဒိုင်း အပြီးကနေ စတင်ထားတာပါ။ ဆရာယိုးဒါး၊ အင်ပါယာ၊ ဒါ့သ်ဗိတ်ဒါတို့ သေဆုံးပြီးသွားခဲ့ပါပြီး။ ဆရာယိုးဒါးဟာ အသက် ၉၀၀ ဝန်းကျင်မှာ သေသွားခဲ့တာပါ။ ဒါကိုလည်း အကြောင်းရှိလို့ ပြောပြတာပါ။ စီးရီးရဲ့ နာမည် မန်ဒါလိုရီးယန်း ဆိုတာ စတားဝါးစ်ရဲ့ နာမည်ကျော် မျိုးနွယ်စု တစ်ခုနာမည်ပါပဲ။ သူတို့တွေဟာ နာမည်ကျော် ချပ်ဝတ်အင်္ကျီတွေနဲ့ တိုက်ခိုက်မှုကျွမ်းကျင်ကြလို့ ကျော်ကြားပါတယ်။ စတားဝါးစ် နံပါတ် ၅ အင်ပါယာ စထရိုက်ဘက်မှာ မိတ်ဆက်သွားတာကို တွေ့မှာပါ။ နောက်ပြီး စတားဝါး ၂ – ကလုန်းစစ်ပွဲမှာလည်း ပါပါတယ်။ ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ဘော့ဘာဖက်ထ်ရဲ့ ကာရိုက်တာကို လူကြိုက်များလာတဲ့အတွက်မန်ဒါလိုရီးယန်း ဇာတ်လမ်းတွေ ထပ်ပြီးပေါ်ပေါက်လာခဲ့တာပါပဲ။ ဒီအထဲမှာ ဘက်စကာဆိုတဲ့ မန်ဒါလိုရီးယန်း ဝတ်စုံသတ္တုလည်း ပါပါတယ်။