
Watch Extraordinary You Full Movie
ချမ်းသာတဲ့မိသားစုနောက်ခံနဲ့ 17နှစ်အရွယ် အထက်တန်းကျောင်းသူလေး Eun Dan Oh ဟာ ကိုယ်တွေဘက်ကကြည့်ရင်တော့ Extraordinary You ရဲ့ အဓိကဇာတ်လိုက်ပါ။ ဒါပေမယ့် Webtoon ဆရာ ရေးဆွဲထားတဲ့ကမ္ဘာမှာရှိတဲ့ Eun Dan Ohကတော့ နှလုံးရောဂါသည် ဇာတ်ပို့မလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ လက်တွေ့နဲ့ Webtoon ဆရာ ရေးဆွဲထားတဲ့ ဇာတ်ကွက်တွေကြား အချိန်အပိုင်းအခြားကို သတိပြုမိခဲ့တဲ့ Eun Dan Ohဟာ သူ့ရဲ့တကယ့်ဘဝက ဇာတ်ခုံပေါ်မှာရှိနေတာကိုသိရှိသွားပြီးတဲ့နောက် သူကိုယ်တိုင် ဇာတ်လိုက်ဖြစ်နေမယ့် လက်တွေ့ကမ္ဘာကြီးမှာလွတ်လွတ်လပ်လပ်ပဲ ရှင်သန်ဖို့ကြိုးစားပါတော့တယ်။ ရှုပ်ထွေးတဲ့ Webtoonဇာတ်ကွက်တွေနဲ့ သူ့ရဲ့လက်တွေ့ဘဝကြားထဲ သေချာပေါက် မင်းသားလေးနှစ်လက်ကပါ ရောယှက်ပါဝင်နေဦးမှာပါ။ “July found by Chance”ဆိုတဲ့ Webtoonရဲ့ Live Action လည်းဖြစ်သလို တခြား school dramaတွေနဲ့ ကွဲထွက်နေတဲ့အတွက် အတော်လေးအောင်မြင်ခဲ့တဲ့ကားကောင်းတစ်ကားလို့လည်းဆိုလို့ရပါတယ်။